Call us : +959 777 787 465
Mail us : [email protected]
1
“Myanmar National Portal ၏ Mobile Application လွှင့်တင်ထားရှိပြီးဖြစ်ပါကြောင်း အသိပေးခြင်း”
====================================
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်၍ အစိုးရအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများ၊ တင်ဒါများ၊ သတင်းအချက်အလက်များနှင့် Website များကို ပြည်သူလူထုမှ တစ်နေရာ တည်းတွင် လွယ်ကူစွာရယူအသုံးပြုနိုင်ရန်အတွက် Myanmar National Portal အား အင်တာနက်လိပ်စာ www.myanmar.gov.mm ဖြင့် လွှင့်တင်ထားပြီးဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံတွင် Mobile ဖုန်းသုံးစွဲသူများ ပိုမိုများပြားလာသည့်အလျောက် Myanmar National Portal အား Mobile ဖုန်းများမှ လွယ်ကူလျင်မြန်စွာ အသုံးပြုသွားနိုင်ရန် ရည်ရွယ်၍ “Myanmar National Portal” အမည်ရှိ Mobile Application ကို Android နှင့် iOS Version နှစ်မျိုးဖြင့် ထုတ်လွှင့်ထားရှိပြီး ဖြစ်ပါသည်။
Mobile Application အား အသုံးပြု၍ Myanmar National Portal မှ အစိုးရအဖွဲ့အစည်းများ၏ သတင်းအချက်အလက်များအား ရှာဖွေရယူကြည့်ရှုနိုင်မည့်အပြင် ငွေကြေး လဲလှယ်မှုနှုန်းထားများ၊ နေ့စဉ်မိုးလေဝသ သတင်းများ၊ အစိုးရဌာနအသီးသီး၏ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များနှင့် အရေးပေါ်ဖုန်းနံပါတ်များ စသည်တို့ကို ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်ပြီး ထိုဖုန်းနံပါတ်များကို ဤ Mobile App မှ တိုက်ရိုက် ဖုန်းခေါ်ဆိုသွားနိုင်ပြီ ဖြစ်ပါသည်။
အဆိုပါ Mobile Application ကို Google Play Store (Android) နှင့် App Store (iOS) တို့တွင် လွှင့်တင်ထားပြီးဖြစ်ရာ Android version အတွက် https://bit.ly/3pj1SVF နှင့် iOS version အတွက် https://bit.ly/3eGW2s0 (သို့) ဖော်ပြပါ QR Code ကို Scan ဖတ်၍ Download ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ထို့အပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ Website (www.motc.gov.mm)၊ Myanmar National Portal ၏ Website (www.myanmar.gov.mm) နှင့် Facebook Page ( Myanmar National Portal( ) တို့တွင်လည်း Download ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။